လင်ပြိုင်

သတိမထားမိသော အမှတ်တမဲ့အချိန်တွင် ကျွန်မမှာ လင်နှစ်လင်ရှိနေခဲ့သည်။ ပထမလင်နှင့်ဒုတိယလင် ဟုလည်း မဆိုသာ၊ လင်ကြီးနှင့်လင်ငယ် ဟုလည်း နှိုင်းမရ။ လင်ပြိုင်ဟုသာ သမုတ်ကြပါစို့။ လင်ပြိုင်ဆိုသည်မှာ နှစ်လင်လုံးကို တစ်ပြိုင်တည်းယူထားခြင်းသာဖြစ်သည်။ လင်နှစ်လင် ပြိုင်နေခြင်းလည်းမဟုတ်၊ တရားဝင် စာချုပ်စာတမ်းနှင့် လက်မှတ်ထိုး ယူထားခြင်းလည်းမဟုတ်ပေ။ အဆင်ပြေသလို အိမ်ပေါ်တင်ထားခြင်းသာဖြစ်သည်။ ကျွန်မကိုကား မည်သူကမှ တရားစွဲခြင်းမရှိကြ။ မျိုးစောင့်ဥပဒေသည်လည်းကောင်း၊ တစ်လင်တစ်မယားစနစ်သည်လည်းကောင်း ယောင်လို့မှ အဖက်မလုပ်ကြ။ လူတွေကလည်း အရေးတယူလုပ်၍ အတင်းမပြောကြ၊ အထူးအဆန်းလည်း မကြည့်ကြ၊ နှာခေါင်းလည်းမရှုံကြပါ။ စားဝတ်နေရေးကိစ္စရပ်များနှင့် မအားကြ၍လား၊ တရားအဆုံးမ၌ ကိန်းဝပ်နေ၍လား မဆိုနိုင်။ သတ္တဝါတစ်ခု ကံတစ်ခု မဟုတ်ပါလား။ မှတ်မိသလောက်ဆိုရသော် ထိုလင်နှစ်လင်ကို တစ်မျိုးစီချစ်သည်။ မည်သူ့ကိုပိုသည်ဟု ပြောမရ။ မတူခြင်းသဘောရှိသော လင်နှစ်လင်ကို အခြေအနေကိုလိုက်၍ တခါတရံတော့ နေရာပေးပုံခြင်းမတူတတ်ပါ။ ဆိုပါစို့ ဘိုဆန်ဆန်နာမည်ပေးလျှင် တစ်လင်ကို A နောက်တစ်လင်ကို B …

e0fe9d7a6a878f0ea259cc40e8ffa528

မကျင်စိန် (သို့မဟုတ်) ယုံကြည်မှုလောက်တက်ခြင်း

မနက်စောစော အခန်းတံခါးကိုဖွင့်လိုက်တော့ အံ့အားသင့်ရပြန်ပြီ။ မြင်လိုက်ရသည်က ဘုရားစင်ပေါ်က ပန်းအိုးထဲမှာ ကန်စွန်းရွက်စည်းကြီးက တစ်လူလူထောင်လို့။ အလို… လုပ်ချလိုက်ပြန်ပြီ မကျင်စိန်။ တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲလား။ မကျင်စိန်ဆိုတာ တရုတ်သွေး ကရော်ကမယ်ရောစပ်ထားတဲ့ လူတွေခေါ်တဲ့ တရုတ်မ။ သွေးဟာလည်း အရောရော ယုံကြည်မှုဟာလည်းအနှောနှော။ မကျင်စိန်ဟာ ကန်စွန်းရွက်ကို ချက်ဖို့အချိန်မရလို့ ဘုရားကို အစိမ်းလိုက်ကပ်သလား။ အရှင်ဘုရား ကြော်ချင်ကြော် ချက်ချင်ချက် အဆင်ပြေသလိုလုပ်စားပါဘုရားလို့ ဆိုလိုတာလား။ ဒါမှမဟုတ် အရှင်ဘုရား ခဏသိမ်းထားပေး၊ တပည့်တော် လိုတဲ့နေ့ယူပြီးချက်လိုက်မယ် ဆိုတဲ့သဘောလား။ ဘာလား ညာလား မထင်လေနဲ့။ တကယ်က အဲဒါ ယတြာချေထားတာ။ နေ့တူနံတူသူတစ်ယောက်နဲ့ ပြသနာဖြစ်ထားတာကြာပြီ။ ပြန်လည်ပြေလည်လာပါစေတော့ရယ်လို့ ယတြာချေရတာ။ ယတြာချေတယ်ဆိုတာက မကျင်စိန်ရဲ့ဝါသနာ။ ဘာဖြစ်ဖြစ် ယတြာလေးချေလိုက်ရမှ နေသာထိုင်သာရှိတာ၊ စိတ်လုံခြုံမှုရှိတာ။ အဆင်ပြေလိမ့်မယ်လို့ယုံကြည်တယ်လေ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလိမ်ခံရတဲ့ကိစ္စအရေး၊ အသုံးကြမ်းတဲ့သားလေးအရေး၊ ကြီးတော်ဆီက …

Facebook
Google+
http://www.thesweetdiary.com/">