hell

သံသရာကြွေး

ကျနော်သည် ညနေလေးနာရီမှ စပြီး မနက် ၂နာရီခွဲ တိုင်အောင် အလုပ်လုပ်ရသည် … သမုဒ္ဒယာ ၀မ်းတထွာဟုဆိုသည် မဟုတ်ပါလား … အသက်အရွယ်ကလည်း ခပ်ငယ်ငယ် မဟုတ်တော့ တခါတရံ ပန်းလှသည် … သို့သော် မိသားစု အရေး တွေးပြီး ဖင်နာ ခေါင်းကိုက် ချောင်းဆိုးခြင်းတောင် မတွေးရဲ … ဖြစ်ရဲဖို့တော့ ဝေလာဝေး … မိမိ မကျွမ်းကျင်ရာ ၀န်းကျင်မှာ ရှင်သန် ကျက်စားကြရသော ကျနော်တို့ ဘ၀ကို ကျနော်တို့သာအသိဆုံးဖြစ်သည် … ကိုယ်ကျွမ်းကျင်ရာ မိခင် ဘာသာစကားကိုလည်း မသုံးနိုင် ကိုယ်နေထိုင်ခဲ့ဘူးရာ အမိဌာနေက ယဉ်ကျေးမှုလည်းမတူလေသော ဒေသမို့ မြင်မြင် သမျှကို မျက်နှာချိုသွေးရသည်မှာလည်း မျက်နှာကိုပင် ပုရွက်ဆိတ် တက်လုမတတ် … ဒီကြားထဲ လူမှုရေးဆိုသော ကာလနာကြီးက တမှောင့် … အဲဒီလူမှုရေးဆိုတာကြီးဖြင့် …

Brothers-and-Sisters-Day

အသိမနှောင်းစေချင်

မွေးချင်းဇာတိနည်းပါးလွန်းတဲ့ကျနော် သင်္ကြန်အပြီးမှာသိရတဲ့ ညီမ၀မ်းကွဲ ၂ယောက်ကို တုန်နေအောင် ချစ်တယ်… ညီမ ၂ယောက်ကလည်း ကျနော့လိုပဲတုန်နေအောင်ချစ်လို့ပေါ့ … ဒီလိုနဲ့ ညီမ ၂ယောက်လည်း ကျနော်နေတဲ့ဒေသကိုလိုက်ပြီး နွေကျောင်းပိတ်ရက်ကို အိမ်မှာလိုက်နေကြတယ် … အစားအစာ ကစပြီး အ၀တ်အစားအဆုံးလိုလေသေးမရှိကျနော့ကို ပြုစုယုယကြလို့ ကျနော်ကလည်း သူတို့ဖြစ်ချင်တာမှန်သမျှ အကုန်လုပ်ပေးရင်းနဲ့ “ဒီလူကြီးကို အကိုမတော်ချင်ပေါင်တော်” လို့ပြောခဲ့တဲ့စကားတွေဟာလည်း မှိန်ဝါးဝါး ဖြစ်လို့ပေါ့ … ညီမ ၂ယောက်ဆိုပေမဲ့လည်း ဒီညီမ ၂ယောက်ကလည်း တ၀မ်းကွဲ ညီအမ … မောင်လုပ်သူကလည်း နှစ်ဝမ်းကွဲမောင် … ကျောင်းတွေပြန်ဖွင့်ချိန်ထိ သူတို့လေးတွေနဲ့ နေရတာ တကောင်ကြွက် ကျနော့အတွက်တော့ အရမ်းကိုပျော်စရာကောင်းပါတယ် … တီတာတာ ပြောတတ်တဲ့ ဒီနှမ ငယ်လေး ၂ယောက်ဟာ ကျနော့အတွက်တော့ ဆည်းလည်းလေးတွေပါပဲ … တခြားအကိုဝမ်းကွဲတွေ အမ၀မ်း ကွဲတွေထက် ဒီနှမငယ်လေး ၂ယောက်က …

Facebook
Google+
http://www.thesweetdiary.com/?author=1">