395051_291034407598486_537974832_n - Copy

မီးယပ်ဆောင် ၂

မခိုင်မို့ မို့ လူနာစောင့်ရှိလား ၊ မခိုင်မို့ မို့ …..မေးနေတယ်လေ မ.. မရှိပါဘူးရှင် မရှိရင်ဘယ်လိုလုပ်မလဲ…ဒီမှာကလေးပျက်ကျထားတော့သားအိမ်ကခြစ်ရမှာ လူနာစောင့်သဘောတူညီမှုရှိမှရမယ်။ ရပါတယ်ဆရာမရယ်..ကောင်းသလိုလုပ်ပါ သူကပက်ဆံသွားရှာနေပါတယ် ညကျမှလာမယ်လို့ ပြောသွားပါတယ်။ အဲတာခက်တာပေါ့…ကလေးမလိုချင်လဲစောစောစီးစီးကြိုတင်ကာကွယ်ထားပါလား.. ရလာတော့မှ အတင်းဖျက်ချ.. မနိုင်မနင်းတွေဖြစ်မှဆေးရုံရောက်လာ… .ပြီးတော့လူနာစောင့်တောင်အနားမှာမရှိတဲ့ဘ၀ နင်တို့ ကတော့ခက်တော့တာပဲ… —————————————————————————————   နောက်တစ်ယောက်…နင်ရောဖျက်ချတာလား မ..မဟုတ်ပါဘူး ဘာမဟုတ်ရမှာလဲ ဆေးတွေသောက်ထားတယ်ဆို မှန်မှန်ပြော.. ရင်ဘတ်အောင့်ပြီး နေမကောင်းလို့ ဆေးဆိုင်ကစပ်ပေးတဲ့ဆေးသုံးခွက်စာပဲသောက်မိတာပါ.. ကိုယ်ဝန်ရှိနေတာကို ရပ်ကွက်ထဲက ဘာမသိညာမသိရမ်းပြီးစပ်ပေးတဲ့ဆေးဆိုင်ကဆေးတွေသောက်ရ သလား အခုကလေးကအထဲမှာသေသလားရှင်သလားမသိဘူး… ခဏနေ ဆရာဝန်ကြီးလာမှဘာဆက် လုပ်မယ်ဆိုတာပြောမယ် အခုတော့ဒီတိုင်ပဲလှဲနေဦး.. ဟုတ်ကဲ့ဆရာမ —————————————————————————————   ကဲ ဒီတစ်ယောက်က အမျိုးသားလူနာစောင့်မစောင့်ရပါဘူးဆို..ဘာလို့ အနားမှာနေနေတာလဲ ဟို..ကျွန်တော့အမျိုးသမီးကိုစိတ်ပူလို့ ပါ…သူ..သူ…မစိုးရိမ်ရပါဘူးနော် အခြေအနေကမသိသေးဘူး..အခုလောလောဆယ်တော့သွေးနှစ်လုံးသွင်းရမယ်..လိုအပ်တဲ့ဆေးတွေ ၀ယ်ရမယ် ဆရာမရယ်….ကျွန်တော်တို့ နှစ်ယောက်စလုံးနယ်ကလာကြတာပါ ရန်ကုန်မှာကိုယ့်ဘ၀ကိုယ့်ရုန်းကန် ရင်းတွေ့ တာပါ တရားဝင်လက်ထပ်ထားတာမျိုးမဟုတ်ပါဘူး.. နှစ်ယောက်အတူနေရင်းကိုယ်ဝန်ရှိ လာတော့ကျွန်တော်ကယူဖို …

untitled

မိကောင်းဖခင်သားသမီး

မနှစ်ကမိုးတွင်းကြီး ကျွန်မငွေဆောင်ကိုရောက်သွားတော့ ကမ်းစပ်တွေ ဟော်တယ်တွေရဲ့ ရှေ့ မှာ ရေထဲမဆင်းဖို့ သတိပေးစာ တွေရေးထားတယ်။ ဟော်တယ် လုံခြုံ ရေးတွေ ကလည်း လာသမျှဧည့်သည် အနည်းအပါးလေးကို မိုးတွင်းဘက်လှိုင်းကြီးနေလို့ ရေထဲမဆင်းဖို့  ဘယ်နေ့ ကဖြင့် လူဘယ်နှစ်    ယောက်သေသွားတာ စသဖြင့်လိုက်ပြောနေပါတယ်။ မြန်မာနိုင်ငံသားဧည့်သည်တွေ တစ်ယောက်မှ ရေထဲမဆင်းရဲပဲ ကမ်းစပ်မှာ ပဲရေဆော့ကြ သောင်ပြင်ပေါ်လမ်းလျှောက် ဒီလောက်ပဲနေကြတယ်။ ကိုယ့်နိုင်ငံသားတွေကို တားလို့ ရပေမယ့် နိုင်ငံခြားသားဧည့်သည်တွေကိုတော့သူတို့ လုံးဝတားလို့ မရပါဘူး။ ကလေးလူကြီးအကုန် ရေထဲဆင်းကူးနေကြတာ ဟိုးဝေးဝေးရေနက်ထဲအထိသွားနေတဲ့ လူတွေတောင်တွေ့ ရပါတယ်။ ကလေးတွေလဲပါပါတယ်။ မိဘတွေက ရေဆော့ရတာမောလို့ ကမ်းစပ် မှာထိုင်နေရင်တောင်ကလေးတွေက ဆက်ပြီးကစားနေကြတယ်။ မိဘတွေကလဲပြုံးပြုံးကြီးကြည့်နေ   ကြတယ်။ အင်္ဂလိပ်လို လည်လည်ပတ်ပတ်ပြောနိုင်တဲ့ ကျွန်မသူငယ်ချင်းတစ်ယောက် ကမ်းစပ်မှာထိုင်နေ တဲ့နိုင်ငံခြားသားစုံတွဲကိုသွားပြီး စပ်စုပါတယ်။ မင်းတို့ ကလေးတွေ လှိုင်းကြီးနေတဲ့ ရေထဲဆင်းကူးနေတာ မစိုးရိမ်ဘူးလားဆိုတော့ …

Facebook
Google+
http://www.thesweetdiary.com/?author=15">