e0fe9d7a6a878f0ea259cc40e8ffa528

မကျင်စိန် (သို့မဟုတ်) ယုံကြည်မှုလောက်တက်ခြင်း

မနက်စောစော အခန်းတံခါးကိုဖွင့်လိုက်တော့ အံ့အားသင့်ရပြန်ပြီ။ မြင်လိုက်ရသည်က ဘုရားစင်ပေါ်က ပန်းအိုးထဲမှာ ကန်စွန်းရွက်စည်းကြီးက တစ်လူလူထောင်လို့။ အလို… လုပ်ချလိုက်ပြန်ပြီ မကျင်စိန်။ တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲလား။ မကျင်စိန်ဆိုတာ တရုတ်သွေး ကရော်ကမယ်ရောစပ်ထားတဲ့ လူတွေခေါ်တဲ့ တရုတ်မ။ သွေးဟာလည်း အရောရော ယုံကြည်မှုဟာလည်းအနှောနှော။ မကျင်စိန်ဟာ ကန်စွန်းရွက်ကို ချက်ဖို့အချိန်မရလို့ ဘုရားကို အစိမ်းလိုက်ကပ်သလား။ အရှင်ဘုရား ကြော်ချင်ကြော် ချက်ချင်ချက် အဆင်ပြေသလိုလုပ်စားပါဘုရားလို့ ဆိုလိုတာလား။ ဒါမှမဟုတ် အရှင်ဘုရား ခဏသိမ်းထားပေး၊ တပည့်တော် လိုတဲ့နေ့ယူပြီးချက်လိုက်မယ် ဆိုတဲ့သဘောလား။ ဘာလား ညာလား မထင်လေနဲ့။ တကယ်က အဲဒါ ယတြာချေထားတာ။ နေ့တူနံတူသူတစ်ယောက်နဲ့ ပြသနာဖြစ်ထားတာကြာပြီ။ ပြန်လည်ပြေလည်လာပါစေတော့ရယ်လို့ ယတြာချေရတာ။ ယတြာချေတယ်ဆိုတာက မကျင်စိန်ရဲ့ဝါသနာ။ ဘာဖြစ်ဖြစ် ယတြာလေးချေလိုက်ရမှ နေသာထိုင်သာရှိတာ၊ စိတ်လုံခြုံမှုရှိတာ။ အဆင်ပြေလိမ့်မယ်လို့ယုံကြည်တယ်လေ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလိမ်ခံရတဲ့ကိစ္စအရေး၊ အသုံးကြမ်းတဲ့သားလေးအရေး၊ ကြီးတော်ဆီက …

6358790016234159041307448001_o-OSCARS-2013-facebook-1200x798

အကယ်ဒမီပေးပါ

ချိုဝင်း ဒီနှစ် အကယ်ဒမီမရပါ။ မရနိုင်မှန်းသိလို့ အကယ်ဒမီပေးပွဲကိုလည်း သွားလည်းမသွားချင် သွားလည်းမသွားခဲ့။ ဝတ်စုံလေးလည်း မပြင်ဆင်ခဲ့ဘူး။ ((တော်ပါသေးရဲ့ မဟုတ်ရင် ဓာတ်ပုံတွေရိုက်ခံရ လူတွေကြည့်ခံရ ဂျာနယ်တွေထဲထည့်ခံရ ဖေ့ဘုတ်ပေါ်တင်ခံရ နဲ့ ချစ်လှစွာသော ပုံဆိုးပန်းဆိုးပိန်တာရိုး ချိုဝင်းလေးခမျာ နေစရာရှိမှာ မဟုတ်ဘူး။)) တကယ်တော့ ဘယ်သူကမှလည်း အဖက်လုပ်ပြီး မဖိတ်ဘူးလေ။ ဖိတ်ချင်ရင်တောင် ကိုယ်က မင်းသမီးမှမဟုတ်ပဲ။ ဒါဆို ဒါရိုက်တာလား… နိုး ဇာတ်ညွှန်းဆရာလား…. နိုး ဓာတ်ပုံဆရာလား….. နိုး တည်းဖြတ်သူလား…. နိုး တေးဂီတပညာရှင်လား…. နိုး အသံပညာရှင်လား…. နိုး ထုတ်လုပ်သူလား….. နိုး ………………………………. အဲဒါနဲ့များလို့ မပြောနဲ့.. မဲ့ရွဲ့ပြီးမကြည့်စမ်းပါနဲ့…. ဆုလေးပဲ လိုချင်တယ် ဟောဒီချိုဝင်းဟာလေ ဟောဒီဘဝတစ်လျှောက် ဟောဒီရန်ကုန်မြို့ကြီးမှာ ရုပ်ရှင်သုံးလေးခါလောက် ကြည့်ဖူးပါရဲ့။ တစ်ခါကများဆို မျက်ရည်နဲ့နှပ်ချေး တလင်းကျန်ပြီးတောင် ပြန်ထွက်လာခဲ့ဖူးသေးတယ် သိရဲ့လား။ …………………………. …

Facebook
Google+
http://www.thesweetdiary.com/?cat=7">