366

အမှိုက်

တစ်နေ့က ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို အဆက်အစပ်မရှိ ကြည့်မိသည်။
ကောင်းကျိုးတွေတစ်ခုမှဖြစ်မလာပဲ ဆိုးကျိုးများနှင့် ပြသနာများကိုသာ ဖန်တီးတတ်သောသားကို အဖေဖြစ်သူက ပြောသည်။
“အသုံးမဝင်ရင် စွန့်ပစ်ရမှာပဲ”

ကျွန်မသည်လည်း တူများကိုဆုံးမရာ၌ သုံးသောစကားတစ်ခွန်းရှိသည်။
“ဘယ်လောက်ပြုတ်ပြုတ် မနူးတဲ့စုန်းပြူးဆိုရင်တော့ လွှတ်ပစ်မှာပဲ” ဟူ၏။

ဤအကြောင်းအရာတို့နှင့်ဆက်စပ်၍ စိတ်အစဉ်သည် အတိတ်ဆီသို့ ပြေးလွှားသွား၏။
……………………………………………..

သံတွဲမြို့ အထက(၂)ရဲ့ မြေညီထပ်၊ ၈တန်း(A)၏ အင်္ဂလိပ်စာအချိန်။ ဆရာမဒေါ်ခင်စောဝင်း စာသင်နေစဉ်ဖြစ်သည်။
စာသင်ခန်းပြင်ဘက်ရှိ ဆူဆူညံညံအသံများကြောင့် ကျောင်းသားတို့၏မျက်လုံးများမှာ အသံလာရာဆီသို့ ဦးတည်သွား၏။ ဆရာမက တစ်ချက်မျှငဲ့ကြည့်၍ ကျောင်းသားများကို ပြောလိုက်သည်။
“အဲဒါ အမှိုက်တွေ”
ဆရာမ၏မျက်နှာတွင်ကား မနှစ်မျို့မှုတွေအထင်းသား။

အမှိုက်တဲ့လား။ ဒီလူတွေကြည့်ပြီး အမှိုက်လို့ပြောလိုက်တာလား။ အမှိုက်ဆိုတာ အသုံးမဝင်တဲ့အပြင် ရှုပ်လို့ လူတွေက စွန့်ပစ်ကြတဲ့ စွန့်ပစ်ပစ္စည်း။ ဘယ့်နှယ် လူကို အမှိုက်လို့ခေါ်ပြန်တယ်လို့ မကြားဖူးပါဘူး။ ကျွန်မစိတ်ထဲတွေးနေမိ၏။

ထိုအမှိုက်အဖွဲ့ကိုကြည့်သော် ကိုးတန်းဆယ်တန်းမှ အစ်ကိုကြီးများဖြစ်သည်။ ကျွန်မတို့အိမ်ခြေရင်းမှ သူငယ်ချင်း၏အစ်ကိုသည် အမှိုက်ဟုဆရာမကခေါ်သည့်အဖွဲ့တွင် ပါဝင်သည်။ သူတို့သည် နေ့စဉ် ကျောင်းသို့လာသည်။ သို့သော် စာသင်ခန်းထဲတွင်မနေ၊ စာလည်းမသင်ပဲ ကျောင်းကိုပတ်၍ ဟေးလေးဝါးလားလျှောက်အော်နေလေ့ရှိသည်။ ဆရာဆရာမတို့ မည်သို့မည်ဖုံ အရေးယူသည်ကိုမသိ၊ မျက်စိထဲတွင်မြင်သည်ကား ဆိုဆုံးမမရသဖြင့် လွှတ်ထားသည်နှင့်တူလေသည်။
လူ့အမှိုက်ဟု စကားလုံးအသစ်အဆန်းရလာသော ကျွန်မမှာ သူတို့ဟာ အသုံးမကျဘူးလား၊ သုံးမရဘူးလား၊ ဘာကြောင့်လူက အမှိုက်ဖြစ်ရသလဲ စသည်ဖြင့် မမီသေးသောဥာဏ်ဖြင့် တွေးမရနိုင် နားမလည်နိုင်အောင်ရှိလေသည်။

လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=1002">