152

အရှက်ခွဲသည် ဘလက်ကော်ဖီ

သတိထားမိသည်က ပေါများလှသည့် လ္ဘက်ရည်ဆိုင်တွေ။ ဒီတစ်ခေါက်ရွာပြန်လို့ ရန်ကုန်မြို့ကြီးဟာဘယ်လိုလဲမေးလျှင် လ္ဘက်ရည်ဆိုင်တွေအကြောင်း ပြောပြရဦးမည်။

လမ်းမကြီးတလျှောက် ဟိုနားသည်နားတိုင်း လ္ဘက်ရည်ဆိုင်တွေ့ရတတ်သလို လမ်းသွယ်တိုင်းလိုလိုတွင်လည်း လ္ဘက်ရည်ဆိုင်ရှိနေတတ်ပြန်သည်။ ဆိုင်တိုင်းတွင်လည်း လူအများအပြားရှိပြန်၏။

ထိုလ္ဘက်ရည်ဆိုင်ဟုခေါ်သော ဆိုင်တိုင်း၌ လ္ဘက်ရည်၊ ကော်ဖီ အပြင် မုန့်မျိုးစုံရ၏။ စဉ်းစားမိသည်မှာ အမျိုးမျိုးအဖုံဖုံရပါလျက် ဘာကြောင့် လ္ဘက်ရည်နာမည်တစ်မျိုးကိုပဲတပ်ကာ လ္ဘက်ရည်ဆိုင်ဟု ခေါ်ကြသလဲ။ ကော်ဖီနာမည်တပ်၍မရဘူးလား၊ မုန့်တစ်မျိုးမျိုးနာမည်တပ်ရင်ကော မဖြစ်နိုင်ဘူးလား။ အစ်မကိုမေးကြည့်တော့ နင့်အလှည့်ကျမှ ကြိုက်ရာနာမည်တပ်ဟု ဆိုလေသည်။ တော်ပြီ။ နားမလည်နိုင်သည့် အကြောင်းအရာများကို ဆက်လက်မတွေးလိုပြီ။

အတူနေသည့်အစ်မများနှင့် ရံဖန်ရံခါဆိုသလို ဆိုင်ထိုင်ဖူး၍ ယခုဆိုလျှင် လ္ဘရည်နှင့်ကော်ဖီကိုလည်းခွဲခြားသိပြီ။ အရင်ကတော့ လ္ဘရည်နှင့်ကော်ဖီသည် ကျွန်မအတွက်တော့ သောက်စရာအရည်နွေးနွေးတစ်ခုသာဖြစ်သည်။ ခွဲခြား၍မစဉ်းစားဖူး။ ထို့အတူကြက်ဥနှင့်ဘဲဥသည်လည်း ဥမျှသာဖြစ်၏။ အဆင်ပြေသလိုခေါ်လိုက်သည်ချည်းဖြစ်သည်။ ထားလိုက်ပါတော့ ထိုအကြောင်းကိုဆက်ပြောလျှင် ရှည်မည်။

ခုတော့ လ္ဘရည်ချိုချိုကို ပို၍ကြိုက်နှစ်သက်တတ်လာပြီ။ ကျွန်မကြိုက်သည့် ချိုဆိမ့်မှလွဲ၍ ကျန်သည့် ပေါ့ဆိမ့် ပေါ့ကျ ချိုပေါ့ တို့ကိုလည်း ခွဲမသိပါ။ စားစရာများကိုလည်းစုံအောင် မသိသေးပါ။

မသိသည့်အရာများကို စမ်းကြည့်လိုစိတ်ရှိသော်လည်း ကိုယ်မကြိုက်လျှင် ပစ်ရတော့မည်၊ ကူစားပေးမည့်သူလည်းရှိမည်မဟုတ်။ ပိုက်ဆံရှားပါးသော ကျွန်မတို့မှာ ရှားရှားပါးပါးဆိုင်ထိုင်ကြသောခဏ၌ မည်သည့်အရာကိုမှမပစ်လိုပါ။

ထူးထူးခြားခြားဟုဆိုရမလိုဖြစ်သည်။ အဖွဲ့ထဲမှ အစ်မတစ်ယောက်သည် ဆိုင်ထိုင်တိုင်း နက်စ်ကော်ဖီကိုသာ မှာလေ့ရှိသည်။ “နက်စ်အောတစ်ခွက်” ဟု သူမှာလျှင် စားပွဲထိုးကောင်လေးက နက်စ်ကော်ဖီထုပ်နှင့် သံပရာသီးစိတ်လာချလိမ့်မည်။ လွယ်လင့်တကူ အိမ်မှာဝယ်သောက်လျှင်ရသည့် အသင့်ဖျော်နက်စ်ကော်ဖီကို လ္ဘရည်ဆိုင်ရောက်မှသောက်တာ ဘာကြောင့်လဲဟု မမေးဖြစ်ပြန်။

လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=1007">