548926_2541110906533_611863920_n

သင်္ကြန်

ကျနော်တို့ အတွက်က သင်္ကြန်ဆိုတာ တကယ့် ပျော်စရာကောင်းတဲ့ ကာလမို့ သင်္ကြန်ကို မချစ်တဲ့ တိုင်းရင်းသား တိုင်းရင်းသူဆိုတာမရှိသလို ဘယ်ဘာသာကိုပဲကိုးကွယ်ပါစေ နိုင်ငံသားအားလုံးက ချစ်ကြတာ ပဲမဟုတ်လား … ဘယ်အရာမဆိုပြောင်းလဲမှုဆိုတာကတော့ရှိစမြဲပဲလေ … ကျနော်သိသမျှပြောင်းလဲမှုလေးတွေ ကို သတိရသလောက်ချရေးကြည့်ချင်ပါသေးတယ် … ကျနော်ငယ်ငယ်က သိတဲ့သင်္ကြန်ဆိုရင် မိုးလင်းလာတာနဲ့ အလှူလုပ်တဲ့မဏ္ဍပ်တွေမှာ လျောက်ပြီးကူရပါတယ် … သက်ကြီးရွယ်အို တွေကို ရေမိုးချိုး ခေါင်းလျှော်ပေးဖို့ သရော် ကင်ပွန်းအိုးတွေ အိုးကြီးအိုးငယ်နဲ့တည်လို့ အိမ်ပေါက်စေ့ လိုက်လှူတဲ့အိမ်ကလှူ သင်္ကြန်မုန့်လုံးရေပေါ်တို့ သင်္ကြန်ထမင်းတို့ချက်တဲ့သူကချက်၊ ဥပုဒ်သီလဆောက်တည် ဖို့ ဘုရားကျောင်းတက်တဲ့သူကတက် လူငယ်လူရွယ်လေးတွေက ရေပက်ကြနဲ့ အရမ်းကိုချမ်းမြေ့စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့လေးပေါ့ … အသက်ကလေးတွေရလာတာနဲ့အမျှ ပိတောက်ပန်းခူးပြီး မိန်းမပျိုလေးတွေကို လိုက်ပေးတဲ့သူကပေး၊ ရေမွေးနံ့သာဖျန်းထားတဲ့ ရေအင်တုံတွေ ရေတိုင်ကီ(ရေစည်)တွေထဲမှာ ပန်းတောက်ပွင့်လေးတွေထည့်ပြီး ငြင်ငြင်သာသာ ချစ်ကြည်နူးဖွယ် ရေကစားတဲ့ သူတွေက ကစား၊ နို့ဆီခွက်အစုတ်လေးနဲ့ ခွက်စောင်းခုတ်သူက ခုတ်နဲ့ နည်းမျိုးစုံ အပျော်ကြီးပျော်ခဲ့ကြတာပါ … ကျနော်သတိထားမိတာကတော့ အသက်ကြီးလာတာနဲ့အမျှ စိတ်ထားတွေက ညစ်ပတ်လာကြတာပါပဲ … သင်္ကြန်အခါသမယဆိုတာ စိတ်နှလုံးရွင်လန်းဖွယ် ပွဲတော်ရက်ကနေပြီး ပူစီပေါင်းထဲရေထည့် လူတွေကိုပစ်၊ ရေခဲထုပ်နဲ့ပေါက်၊ ရေညစ်ပတ်တွေနဲ့ပက်၊ ခွက်စောင်းခုတ်နဲ့ လူတွေအသားနာအောင် ဖန်တီး ပျော်ရွင်ကြတာ စိတ်မကောင်းစရာပါ … မှတ်မှတ်ရရ ကျနော် ၈တန်းနှစ်မှာ ကျနော့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ သင်္ကြန်ပြန်ကျပါတယ် … ဘာပြောပြော မွေးရပ်မြေကတော့ သိပ်မပြောင်းလဲ လှပါဘူး … အရင်ငယ်ငယ်ကအတိုင်း စည်မြဲစည်ကားလျက်ပါပဲ … အလှတရားတွေလည်း မပျောက်သေးဘူး … ကျနော်ပြောင်းနေတဲ့ဒေသမှာတော့ အလှတရားတွေပျောက်ပြီး အမူးသမားတွေ လူညစ်ပတ်တွေရဲ့ ရမ်းကားတဲ့ အပြုအမူတွေနဲ့ သင်္ကြန်ဟာ တဖြည်းဖြည်း အကျည်းတန်လာခဲ့ပေမဲ့ ကျနော့ မွေးရပ်မြေမှာ တော့ မပြောင်းလဲ သေးတာ ၀မ်းသာဂုဏ်ယူစရာလို့ မသိတတ်ခဲ့တဲ့ ကျနော့ကို ကျနော် အခုအချိန်မှာ အပစ်တင်လို့ မဆုံးတော့ပါဘူး … ကျနော့်ဒေသလေးမှာ ကျောင်းသူအတော်များများဟာ သင်္ကြန်ချိန်ဆိုရင် ယိမ်းကတဲ့အဖွဲ့မှာ ကျရာတာဝန်ကနေ လှလှပပ ဖြေဖျော်လေ့ရှိတာဟာ ထုံးစံပါပဲ …. ကျောင်းသူတိုင်း ယိမ်းမကတတ်တဲ့ ကျောင်းသူလို့မရှိသလို ဒိုးပတ်ဆိုရင်လည်း ဒုတိယအကောင်းဆုံး အမြဲရလေ့ရှိပါတယ် … အကောင်းဆုံး ဒိုးပတ်အဖွဲ့ရှိတဲ့ရွာလေးကတော့ စစ္စယံ လို့ခေါ်တဲ့ရွာလေးပါ …

ချို လေး
အပျော်တမ်းစာရေးသူ
လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=967">