6358790016234159041307448001_o-OSCARS-2013-facebook-1200x798

အကယ်ဒမီပေးပါ

ချိုဝင်း ဒီနှစ် အကယ်ဒမီမရပါ။ မရနိုင်မှန်းသိလို့ အကယ်ဒမီပေးပွဲကိုလည်း သွားလည်းမသွားချင် သွားလည်းမသွားခဲ့။ ဝတ်စုံလေးလည်း မပြင်ဆင်ခဲ့ဘူး။ ((တော်ပါသေးရဲ့ မဟုတ်ရင် ဓာတ်ပုံတွေရိုက်ခံရ လူတွေကြည့်ခံရ ဂျာနယ်တွေထဲထည့်ခံရ ဖေ့ဘုတ်ပေါ်တင်ခံရ နဲ့ ချစ်လှစွာသော ပုံဆိုးပန်းဆိုးပိန်တာရိုး ချိုဝင်းလေးခမျာ နေစရာရှိမှာ မဟုတ်ဘူး။)) တကယ်တော့ ဘယ်သူကမှလည်း အဖက်လုပ်ပြီး မဖိတ်ဘူးလေ။ ဖိတ်ချင်ရင်တောင် ကိုယ်က မင်းသမီးမှမဟုတ်ပဲ။
ဒါဆို ဒါရိုက်တာလား… နိုး
ဇာတ်ညွှန်းဆရာလား…. နိုး
ဓာတ်ပုံဆရာလား….. နိုး
တည်းဖြတ်သူလား…. နိုး
တေးဂီတပညာရှင်လား…. နိုး
အသံပညာရှင်လား…. နိုး
ထုတ်လုပ်သူလား….. နိုး
……………………………….
အဲဒါနဲ့များလို့ မပြောနဲ့..
မဲ့ရွဲ့ပြီးမကြည့်စမ်းပါနဲ့….
ဆုလေးပဲ လိုချင်တယ်
ဟောဒီချိုဝင်းဟာလေ ဟောဒီဘဝတစ်လျှောက် ဟောဒီရန်ကုန်မြို့ကြီးမှာ ရုပ်ရှင်သုံးလေးခါလောက် ကြည့်ဖူးပါရဲ့။ တစ်ခါကများဆို မျက်ရည်နဲ့နှပ်ချေး တလင်းကျန်ပြီးတောင် ပြန်ထွက်လာခဲ့ဖူးသေးတယ် သိရဲ့လား။
………………………….

ရပြီ ရပြီ….
ချိုဝင်းရုပ်ရှင်ရိုက်တော့မယ်။ တစ်ကားရိုက်တစ်ကားဆိုသလို လူတွေ တသသ ဖြစ်ပြီး လျှမ်းလျှမ်းတောက် နာမည်ကျော်တဲ့ ကားဖြစ်စေရမယ်။ အကယ်ဒမီ ဒင်း ဘယ်ပြေးမလဲ ချိုဝင်းဆီ ဘတ်ကနဲ ကပ်နေစေရမယ်။

လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=973">