Brothers-and-Sisters-Day

အသိမနှောင်းစေချင်

မွေးချင်းဇာတိနည်းပါးလွန်းတဲ့ကျနော် သင်္ကြန်အပြီးမှာသိရတဲ့ ညီမ၀မ်းကွဲ ၂ယောက်ကို တုန်နေအောင် ချစ်တယ်… ညီမ ၂ယောက်ကလည်း ကျနော့လိုပဲတုန်နေအောင်ချစ်လို့ပေါ့ … ဒီလိုနဲ့ ညီမ ၂ယောက်လည်း ကျနော်နေတဲ့ဒေသကိုလိုက်ပြီး နွေကျောင်းပိတ်ရက်ကို အိမ်မှာလိုက်နေကြတယ် … အစားအစာ ကစပြီး အ၀တ်အစားအဆုံးလိုလေသေးမရှိကျနော့ကို ပြုစုယုယကြလို့ ကျနော်ကလည်း သူတို့ဖြစ်ချင်တာမှန်သမျှ အကုန်လုပ်ပေးရင်းနဲ့ “ဒီလူကြီးကို အကိုမတော်ချင်ပေါင်တော်” လို့ပြောခဲ့တဲ့စကားတွေဟာလည်း မှိန်ဝါးဝါး ဖြစ်လို့ပေါ့ … ညီမ ၂ယောက်ဆိုပေမဲ့လည်း ဒီညီမ ၂ယောက်ကလည်း တ၀မ်းကွဲ ညီအမ … မောင်လုပ်သူကလည်း နှစ်ဝမ်းကွဲမောင် … ကျောင်းတွေပြန်ဖွင့်ချိန်ထိ သူတို့လေးတွေနဲ့ နေရတာ တကောင်ကြွက် ကျနော့အတွက်တော့ အရမ်းကိုပျော်စရာကောင်းပါတယ် … တီတာတာ ပြောတတ်တဲ့ ဒီနှမ ငယ်လေး ၂ယောက်ဟာ ကျနော့အတွက်တော့ ဆည်းလည်းလေးတွေပါပဲ … တခြားအကိုဝမ်းကွဲတွေ အမ၀မ်း ကွဲတွေထက် ဒီနှမငယ်လေး ၂ယောက်က ကျနော့ကို အရမ်းပိုချစ်ကြသလို ကျနော်ကလည်း နည်းနည်းလေးမှ မလျော့သောအချစ်တဲ့ ဒီနှစ်မ ငယ်လေး ၂ယောက်ကို ယုယခဲ့ပါတယ် … ၂ဦးသော ညီမငယ်လေးမှာမှ အထွေးလေးရဲ့မိဘတွေက ရွှေပန်းတိမ်လုပ်ငန်းနဲ့ကြွယ်ဝကြပြီး တခြား နှမငယ်လေးတွေမိသားစုက ဆင်းရဲကြတယ် … ကျနော့မိသားစုကတော့ အဲဒီအချိန်မှာ အလယ်အလတ်ပေါ့ … ဒါပေမဲ့ သွေးသားရင်း မဟုတ်တဲ့ ကျနော်တို့သုံးယောက်ရဲ့ သံယောဇဉ်ဟာ ပကာသနတွေကြောင့် အရောင်မပြောင်းလဲခဲ့ကြပါဘူး … စိတ်မကောင်းစရာတခုက ညီမထွေးလေးမှာ နှလုံးရောဂါအခံရှိတယ် … ညီမ အကြီးကတော့ ဒေါင်ဒေါင်မြည် … ရောဂါခံရှိတဲ့ ညီမလေးက သေးသွယ်သွယ်ရှိသလောက် ညီမ အကြီးကတော့ တောသူပီပီ တုတ်တုတ်ခဲခဲ နဲ့ တမျိုးချစ်ဖို့ကောင်းတာပါပဲ … ဒီလောက်ချစ်ကြတဲ့ မောင်နှမတွေမှာ ကျောင်းပိတ်ရက်တွေကို လက်ချိုးပြီး စောင့်ကြရတာအမော … စာရေးပျင်းတဲ့ကျနော်တောင် ၁ပတ်ကို စာ ၂စောင်စီရေးပြီး ပုံမှန်ပို့ဖြစ်တယ် … ကျောင်းပိတ်ပြီဆိုမှ သူ့ဒေသတလှည့် ကိုယ့်ဒေသတလှည့်နဲ့ မောင်နှမတွေ တစုတစည်း ပျော်ပျော်ပါးပါး ပြန်ဆုံကြရတာမို့လား … ဒါပေမဲ့ ကျနော့ဘ၀က ဘယ်လိုကြိမ်စာများပါသလဲမသိ ဘူးရယ် … ဒီလိုပျော်ရွှင်ရတဲ့ မောင်နှမအသိုက်အမြုံလေးဟာ ကျနော်ပထမနှစ်စာမေးပွဲဖြေအပြီးမှာ တသက်စာ ပျောက်ကွယ်သွားခဲ့ရတယ် … ကျနော်က ငယ်ငယ်ကအဆော့သန် အစအနောက်သန် … ပေါက်ကရ လေးဆယ်လုပ်တာက သပ်သပ်ရှိပေမဲ့ ပညာရေးကို အရမ်းတန်ဖိုးထားလေတော့ အဲဒီပညာရေးကို လည်း ကျနော်တခါတရံနာကျည်းမိတယ် …

ချို လေး
အပျော်တမ်းစာရေးသူ
လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=997">