hell

သံသရာကြွေး

ကျနော်သည် ညနေလေးနာရီမှ စပြီး မနက် ၂နာရီခွဲ တိုင်အောင် အလုပ်လုပ်ရသည် … သမုဒ္ဒယာ ၀မ်းတထွာဟုဆိုသည် မဟုတ်ပါလား … အသက်အရွယ်ကလည်း ခပ်ငယ်ငယ် မဟုတ်တော့ တခါတရံ ပန်းလှသည် … သို့သော် မိသားစု အရေး တွေးပြီး ဖင်နာ ခေါင်းကိုက် ချောင်းဆိုးခြင်းတောင် မတွေးရဲ … ဖြစ်ရဲဖို့တော့ ဝေလာဝေး … မိမိ မကျွမ်းကျင်ရာ ၀န်းကျင်မှာ ရှင်သန် ကျက်စားကြရသော ကျနော်တို့ ဘ၀ကို ကျနော်တို့သာအသိဆုံးဖြစ်သည် … ကိုယ်ကျွမ်းကျင်ရာ မိခင် ဘာသာစကားကိုလည်း မသုံးနိုင် ကိုယ်နေထိုင်ခဲ့ဘူးရာ အမိဌာနေက ယဉ်ကျေးမှုလည်းမတူလေသော ဒေသမို့ မြင်မြင် သမျှကို မျက်နှာချိုသွေးရသည်မှာလည်း မျက်နှာကိုပင် ပုရွက်ဆိတ် တက်လုမတတ် … ဒီကြားထဲ လူမှုရေးဆိုသော ကာလနာကြီးက တမှောင့် … အဲဒီလူမှုရေးဆိုတာကြီးဖြင့် …

gossip

အတင်းလား ပြောပါဦး

ဒေါ်ခင်နုတစ်ယောက် ရွာလမ်းဆုံက ဈေးဆိုင်တစ်ဆိုင်ကိုဝင်တော့ အသံဗလံတစ်ချို့ကြားရတယ်။ သတင်းလိုလို အတင်းလိုလို ဘာတဲ့ သီတာယောက်ျားယူတော့မယ် ဆိုလား။ ဘယ်သူ့ဆီကထွက်လာတဲ့စကားမှန်းမသိပေမယ့် ဟုတ်မဟုတ်စဉ်းစားစရာမလို လူတွေပြောနေတာအမှန်ပဲပေါ့။ မမှန်လဲ ဘာအရေးလဲ ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့။ အချိန်တန်ရင် နောက်သတင်းတစ်မျိုးထွက်လာမှာ။ ပြောစရာတစ်ခုရရင်ပြီးတာပဲ။ ဒီရွာရဲ့ဓလေ့ထုံးစံအတိုင်း လူစုစုရှိတဲ့ ဈေးဆိုင်လိုနေရာမျိုး၊ ကောက်စိုက်ကွင်းလိုနေရာမျိုး၊ ဟင်းရှာရာနေရာမျိုး လူနှစ်ယောက်နဲ့အထက်ရှိရင်ကို အတင်းပြောလို့ရပြီ။ နောက်ဆုံး ဥပုသ်စင်ပါမကျန် အတင်းပြောကြတာ။ တစ်ချို့အကြောင်းအရာမျိုးကို ဘုန်းကြီးကိုတောင် ပြောပြရသေးတာ။ ဘုန်းကြီးကိုဆိုတော့ သတင်းပေးတယ်ပဲ ထားလိုက်ပါတော့လေ။ ဒေါ်ခင်နုကလည်း အတင်းပြောတာ ဝါသနာပါလွန်းလို့တော့ မဟုတ်ပါဘူး။ သူများပြောတာလေးတွေနားထောင်ရင်း ကိုယ်ထင်တာပြန်ပြောရုံလောက်ပဲဟာ။ ကိုယ်က ရွာကလူတွေ အလေးပေးရတဲ့ ရွာမျက်နှာဖုံး၊ အများတကာတို့ရဲ့အကြွေးရှင် ကျေးဇူးရှိသူဆိုတော့ ဘယ်ဝိုင်းဖြစ်ဖြစ်နေရာပေးခံရ၊ အကြွေးတောင်းထွက်ရင်း သတင်းစုံကြားရတာတော့ မဆန်းပါဘူးလေ။ မှန်းစမ်း ခုနက သူတို့ပြောနေကြတဲ့ သီတာ့အကြောင်းပြန်ပြောရဦးမယ်။ ဟိုတစ်လောကလည်း ကြားလိုက်မိပါရဲ့။ ရန်ကုန်မှာ အိမ်သုံးအိမ်ပိုင်နေပြီဆိုလား။ တစ်ချို့လည်းပြောတယ်။ အဲဒီကောင်မ …

Facebook
Google+
http://www.thesweetdiary.com/?paged=2">